ငါ့ ဒီလက် ၂ ဖက်နဲ့
နင့် ရင်ထဲက အပူတွေကို
ခပ်ထုတ်ပေးလို့ရရင်
ဘယ်လောက်ကောင်းမလဲ။
မလိုက်ဖက်တဲ့ တေးသွားနဲ့
နင့်ဘ၀ကို ထပ်မချုပ်နှောင်နဲ့တော့။
ပြီးဆုံးသွားပြီဆိုတာ သေချာတယ်
မျက်ရည်တွေကို အသက်သွင်းပြီး
ညဘက် အဆိပ်တွေတက်နေလည်း
ပြီးဆုံးသွားပြီဆိုတာက သေချာနေပြီပဲ။
နင်.... (သို့မဟုတ်)
အသည်းငယ်သူတစ်ယောက်ရဲ့
ပြဇာတ်ထဲ
သူ ၀တ်ပေးခဲ့တဲ့
နင့်နှလုံးသားပေါ်က အရေခွံတုကို
ခွာချလိုက်တော့
ဇာတ်သိမ်းပြီ။ ။
WitNyin
နင့် ရင်ထဲက အပူတွေကို
ခပ်ထုတ်ပေးလို့ရရင်
ဘယ်လောက်ကောင်းမလဲ။
မလိုက်ဖက်တဲ့ တေးသွားနဲ့
နင့်ဘ၀ကို ထပ်မချုပ်နှောင်နဲ့တော့။
ပြီးဆုံးသွားပြီဆိုတာ သေချာတယ်
မျက်ရည်တွေကို အသက်သွင်းပြီး
ညဘက် အဆိပ်တွေတက်နေလည်း
ပြီးဆုံးသွားပြီဆိုတာက သေချာနေပြီပဲ။
နင်.... (သို့မဟုတ်)
အသည်းငယ်သူတစ်ယောက်ရဲ့
ပြဇာတ်ထဲ
သူ ၀တ်ပေးခဲ့တဲ့
နင့်နှလုံးသားပေါ်က အရေခွံတုကို
ခွာချလိုက်တော့
ဇာတ်သိမ်းပြီ။ ။
WitNyin






