နေရာထား

မင်းအတိတ်ကြောင့်
ငါ့ပစ္စုပ္ပန်ကို ငါမုန်းတယ်

ဇာတ်လမ်းအစအဆုံးကို

ဝက်အူလှည့်နဲ့ တင်းအောင်ကျစ်

သြော်....
အချစ်ဆိုတာ

မင်းနဲ့ ငါ့ကြား

နေရာထားမှားနေခြင်း တဲ့လား.....

ပြီးခဲ့တဲ့အတိတ်တွေကို ငယ်ငယ်ကအတိုင်း သတ်ပုံလေးပေါင်းပြီး စာအုပ်ထဲ မထားခဲ့နိုင်တာ အဆိုးဆုံးပဲ။ ဘယ်လိုမှတ်တိုင်မျိုးတွေနဲ့ ငါ့အိပ်မက်တွေကို စိုက်ထူထားလဲ။ တာထွက်ရုံလေးပဲရှိသေးတယ် အရှုံးပေးလိုက်ရပြီ။ နင့်နာမည်လေးလုံးကို အသံထွက်ပြီး ချရေး။ ငါဆိုတာ... ရုတ်တရက် ဝေါခနဲ ပျောက်ဆုံး။

နင့်ကိုစတွေ့ခဲ့တာက friendster မှာ။ ငါနင့်ဆီကို message ပို့ပြီး mail တောင်းခဲ့တယ်။ နောက် ငါတို့တွေ g-talk ကနေ chat ရင်း တစ်ယောက်နဲ့တစ်ယောက် စသိခဲ့တယ်။ အဲဒီတုန်းက ရယ်လည်းရယ်ရတယ် chat box ထဲမှာတင် ငါတို့တွေ ၂ ယောက်အတူ စိတ်ကူးယဉ်ပြီး ကမ္ဘာပတ်လိုပတ်ကြ၊ ကမ္ဘာပတ်ရင်း အီသရိုးပီးယားမှာ အလှူလုပ်လိုလုပ်ကြ၊ ဂျပန်က ရေခဲတောင်တွေပေါ် တက်လိုတက်ြက၊ အများကြီးပါ ငါတို့တွေသွားခဲ့ကြတာ။ နိုင်ငံတွေမှ စုံပလုံစိနေတာပဲ။ နင်မှတ်မိမလားတော့မသိဘူးပေါ့။ နောက်ရှိသေးတယ်။ ငါတို့နှစ်ယောက် ပျင်းလို့ဆိုပြီး online ပေါ်မှာ Beer သွားသောက်ကြတယ်လေ။ ငါက အကင်တွေ ဘာတွေ တောင်မှာလိုက်သေးတယ်။ နင် Beer ဖိုးရှင်းရမယ် ငါ Beer ဖိုးရှင်းရမယ်နဲ့တောင် ရန်ဖြစ်ခဲ့ကြသေးတယ်။ နောက် အသက်မပြည့်သေးဘဲ Beer သောက်လို့ဆိုပြီး ရဲလာဖမ်းတော့ ငါတို့တွေပြေးခဲ့ကြသေးတယ်။ ပြန်တွေးလိုက်တိုင်း ငါ့အတွက်တော့ အမှတ်တရတွေပေါ့။ ပေါက်ကရစဉ်းစားပြီး လျှောက်လုပ်တဲ့ ငါတို့တွေလဲ တစ်ကယ့်စံပဲ။ အဲဒီတုန်းက ငါတို့တွေ အခင်ဆုံးသူငယ်ချင်းတွေ။ နင့်မှာလည်း နင့်ရည်းစားရှိတယ်။ ငါ့မှာလည်း ငါ့ရည်းစားနဲ့။

ဘယ်လောက်မှမကြာဘူး။ နင်လည်း နင့် bf နဲ့ပြတ်သွားတယ်။ ငါလည်း ငါ့ gf နဲ့ပြတ်သွားတယ်။ ကံကြမ္မာက ထူးတော့ထူးတယ်နော်။ ငါအနေနဲ့ ငါ့ gf နဲ့ပြတ်တာ ဘာမှသိပ်မခံစားရပေမယ့် နင်ကတော့ ငါနဲ့မတူဘူး။ (အဲဒီမတူတာလေးက ငါ့ကို ဒုက္ခပေးသွာတာ... စောစောကသိခဲ့ရင် ဘယ်လောက်ကောင်းမလဲ) နောက်သိပ်မကြာဘူး။ ငါနင်ရှိတဲ့ singapore ကိုရောက်လာတယ်။ အဲဒီနောက်ပိုင်း နင်နဲ့ငါ အပြင်မှာတွေ့ဖြစ်တယ်။ တစ်ပတ်ကို ၃ ရက်လောက်ပုံမှန်တွေ့ဖြစ်တယ်။ Jurong East Library ထဲ ငါတို့တွေ sign language တွေလုပ်ပြီးတစ်ယောက်နဲ့ တစ်ယောက် စခဲ့နောက်ခဲ့ကြတယ်။ Chinese Garden ထဲမုန့်ထုတ်တွေ လုစားကြ။ ရေးကူးကန်ထဲ နင့်ကိုရေကူးသင်ပေး၊ ရေတွေဆော့ကြ၊ ရေကူပြီးရင်လည်း KFC မှာဝင်ပြီးမုန့်တွေစားကြ။ အဲဒီတုန်းက ပျော်လိုက်ကြတာပြောမနေနဲ့။ ငါ့ရင်ဘတ် အဲဒီကတည်းက အဆိပ်ခပ်ခံလိုက်ရတာ။ အခင်အမင်ပြတ်မှာစိုးလို့ ငါ့စိတ်ကို ငါ့ဟာငါ ထိန်းပြီး လျစ်လျူရှုခဲ့တယ်။ နင်တော့ဘယ်လိုနေမလဲမသိဘူး။ ငါတို့တွေ တစ်နေ့နဲ့တစ်နေ့မတွေ့ကြရင်လည်း ဖုန်းနဲ့ sms တွေပို့ကြ၊ ဖုန်းတွေခေါ်ကြနဲ့ပေါ့။ တစ်ညလုံး ဖုန်းပြောတဲ့ညတွေတောင် ရှိသေးတယ်။ ငါ အတင်းဆိုခိုင်းလို့ နင်ဖုန်းထဲက ငါ့ကို သီချင်းဆိုပြခဲ့တယ်။ အဲဒီ နင့်အသံကို ငါအခုထိကြားယောင်နေဆဲပဲ။

Feb ၆ ရက်နေ့ ငါတို့ ၂ယောက် ရုပ်ရှင်သွားကြည့်ခဲ့တယ်။ အသက်ပျောက်မတဲ့ ငါပျော်ခဲ့တယ်။ Feb ၈ ရက်နေ့ ငါနင့်ကို ချစ်တယ်လို့ပြောခဲ့တယ်။ Feb ၁၀ ရက်နေ့ ငါလိုချင်တဲ့ အဖြေပြန်ရခဲ့တယ်။ ကြိုပြီးတော့ ဘယ်နေ့ ရက် ၁၀၀ ပြည့်မလဲ ဘာလဲတောင် တွက်နေလိုက်သေးတယ်။ Feb ၁၁, ၁၂ ငါ ရင်ခုန်သံနဲ့ထပ်တူ အသက်ရှူခွင့်ရခဲ့တယ်။ Feb ၁၄ (ချစ်သူများနေ့) နင့်အရင်က တစ်ယောက်နဲ့ နင်သွားတွေခဲ့တယ်။ ငါဆီကို မလာခဲ့ဘူး။ Feb ၁၆ နင်ပြောတာက သူငယ်ချင်းလိုပြန်နေရအောင်တဲ့။

ဟုတ်တယ်

ဇာတ်လမ်းအစအဆုံးကို
ဝက်အူလှည့်နဲ့ တင်းအောင်ကျစ်

အချစ်ဆိုတာ

မင်းနဲ့ ငါ့ကြား

နေရာထားမှားနေခြင်းပဲ.....

WitNyin

6 ခုတောင်မှ သူတို့ပွားသွားတာ:

ဝေလေး said...

အချစ်ဆိုတာ
မင်းနဲ့ ငါ့ကြား
နေရာထားမှားနေခြင်းပဲ.....

ဘယ်နားများသွားထားမိလဲမောင်လေးရေ။နောက်တာနော်
ပို့စ်ကောင်းလေးပါ။အားပေးနေမယ်........:)

dark angel said...

နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ ခင်ဗျ။

dark angel said...

ဘာလို့မှန်းကိုမသိပဲကြိုက်တာ

ရွှေပြည်သူ said...

သိပ်ကိုကောင်းတဲ့ ပို့စ်လေးပါပဲ မောင်လေးရေ။ “အချစ်ဆိုတာ
မင်းနဲ့ ငါ့ကြား
နေရာထားမှားနေခြင်းပဲ.....”တဲ့လား။ အရေးအသား သိပ်ကိုကောင်းပါတယ်။ တကယ့် အဖြစ်အပျက်လေးများလား။ မဟုတ်ပါစေနဲ့ပဲ ဆုတောင်းပေးပါတယ်...

eitar said...

နေရာထားမှားခဲ့တဲ့ဆိုပေမယ့်
တစ်ချိန်ချိန်မှာ
နေရာမှန်လာမှာပါ....
ရင်တွင်းဖြစ်တွေပေါ့..

အးပေးနေတယ်နော် ...

ှSuburban Area said...

ဟိုနေ့ကဖတ်ပြီးသား ဘာပြောရမှန်းမသိလို့ဘာမှာ မပြောခဲ့တာ...အပြစ်တွေရှာမနေနဲ့..အပြစ်တွေရှာရင် အပြစ်တွေတွေ့နေလိမ့်မယ်၊လုပ်စရာရှိတာလုပ် ရေးစရာရှိတာရေး တခါတလေလွမ်း...မသိတော့ဘူးကွာ....တနေ့နေ့တော့ သေချာတာကဗျာတစ်ပုဒ်ရှိတယ်။ရေးထားကောင်းတယ် မင်းရဲ့သူလေး တွေ့မြင်နိုင်ပါစေကွာ...မင်းနဲ့လဲဆိုင်တယ်
"အရာရာအဆင်ပြေပါစေကွာ"

Post a Comment