ငါ့ကို... ငါ
အသစ်တစ်ဖန် မတပ်ဆင်နိုင်သေးသရွေ့တော့
လျှာအသားမာတက်တဲ့ အထိ
တောက်ခေါက်နေမိမယ်။
ဘယ်သူ့မှလာမခေါ်နဲ့
ဘယ်သူ့ကိုမှလည်းပြန်မခေါ်ဘူး
ငါ့ကိစ္စနဲ့ ငါပဲ
အခန်းတံခါးပိတ် မီးမှိတ်လို့
အိပ်ပစ်မယ်။
မြေပြင်နဲ့ ပင်လယ်ကြား
သစ္စာတရားက လေတွေလားလို့
စူးစမ်းချင်တယ်။
ငါ... ရှုံးသွားခဲ့ပြီ
ဒါဏ်ရာက မာနကိုဝါးမြို
ငါ့ February ကိုရိုက်ခွဲတဲ့ အကြည့်တစ်ချက်ထဲ
“နင်လွမ်းရင် ပြန်လာခဲ့ပေးပါ”
ဟုတ်တယ်....
“နင်လွမ်းရင် ပြန်လာခဲ့”
ကျောက်တုံးတစ်တုံးလို
တိတ်ဆိတ်ငြိမ်သက်
နှစ်ပေါင်းများစွာ
ငါ....
အသက်မရှင်ချင်ဘူး....။ ။
WitNyin

3 ခုတောင်မှ သူတို့ပွားသွားတာ:
ဟဟ..စိတ်တော့မကြီးနဲ့။ ကဗျာကတော့မိုက်တယ်ဟေ့.......
ငါလဲအသက်မရှည်ချင်ဘူး,
ပေါက်ကွဲနေပါလားမောင်လေးရေ........
ကဗျာလေးကတော့မိုက်တယ်
စိတ်လျော့......စိတ်လျော့........:)
ကောင်းလှချည်လားကွ
ထပ်ပေါက်ကွဲပြပါဦး
ကဗျာတွေနော်:)
မဟုတ်တာတွေတော့မလုပ်နဲ့
နေမုန်း
Post a Comment