မိုးလင်းခြင်း အတတ်ထက်
ကြယ်စုံတဲ့ ညတွေကို
ပိုခုံမင်မယ်။
လမင်းက
သူ့သားကောင်အဖြစ်
ဒီည
ကျွန်တော့်ကို ရွေးတယ်။
ဘာပဲပြောပြော
နေရထိုင်ရလွယ်ကူအောင်
အလွမ်းတွေကို
မီးညှိပြီး ဖွာတတ်ဖို့တော့ လိုပြီ။
ဟိုး..... အရှေ့မှာက
ဖြစ်ပျက်ကို
နားလည်မှုမရှိတဲ့ နေ့စွဲတွေ။
ဒီည
သက်ပြင်းတွေနဲ့
တိတ်ဆိတ်။ ။
WitNyin
ကြယ်စုံတဲ့ ညတွေကို
ပိုခုံမင်မယ်။
လမင်းက
သူ့သားကောင်အဖြစ်
ဒီည
ကျွန်တော့်ကို ရွေးတယ်။
ဘာပဲပြောပြော
နေရထိုင်ရလွယ်ကူအောင်
အလွမ်းတွေကို
မီးညှိပြီး ဖွာတတ်ဖို့တော့ လိုပြီ။
ဟိုး..... အရှေ့မှာက
ဖြစ်ပျက်ကို
နားလည်မှုမရှိတဲ့ နေ့စွဲတွေ။
ဒီည
သက်ပြင်းတွေနဲ့
တိတ်ဆိတ်။ ။
WitNyin

6 ခုတောင်မှ သူတို့ပွားသွားတာ:
ဘာပဲပြောပြော
နေရထိုင်ရလွယ်ကူအောင်
အလွမ်းတွေကို
မီးညှိပြီး ဖွာတတ်ဖို့တော့ လိုပြီ
မိုက်တယ်....ဒီအပိုင်းလေး.....
မဖွာတတ်ရင်တော့ ရူးပြီ....:D
“လမင်းက
သူ့သားကောင်အဖြစ်
ဒီည
ကျွန်တော့်ကို ရွေးတယ်။”
သိပ်ကောင်းတဲ့ အတွေးလေးပါပဲ။ တခါတလေကျတော့လည်း အစ်မတို့ ကိုယ်တိုင်က လမင်းရဲ့ သားကောင် အဖြစ်ခံလိုက်ကြပြန်ရော။ ကဗျာကောင်းလေးအတွက် ကျေးဇူးပါပဲ မောင်လေး။
အလွမ်းတွေကိုမီးညှိဖွာ....
သက်ပြင်းတွေနဲ့ည....
ကောင်းတယ်မောင်လေးရေ.....ခံစားသွားတယ်
ရော့..မီးခြစ်တော့လိုမှာပေါ့။
ဟုတ်လိုတာပေါ့ အကိုရယ်.. thanks
လမင်းက
သူ့သားကောင်အဖြစ်
ဒီည
မောင်မျိုး ကို ရွေးတယ်
ဟီးးးဟီးးးး) ကဗျာတွေ တစ်ပုဒ်ထပ်တစ်ပုဒ်ပိုကောင်းလားတယ် ။
Post a Comment