ကောင်မလေးရေ
ငါ့မနက်ခင်းက
ဘာနဲ့မှကို မတူတော့ဘူး
နင်
ဘယ်လို ခေါင်းစဉ်မျိုးလဲ
နှလုံးသားထောင့်တစ်နေရာကို
ချိတ်ဆက်ဖို့ လိုအပ်တဲ့
အဓိပ္ပါယ်တွေက ဘာတဲ့လဲ
လက်တစ်ဖက်တည်းနဲ့
ထုံးထားတဲ့ကြိုး
အခြားတစ်ဖက်အတွက်
အမြင်ဆိုးနေမလား
မိုးရာသီရောက်တိုင်း
မညိုပဲ ရွာချင်တဲ့
မိုးစက်တွေအတွက်
တရားခံနဲ့ ပြစ်ဒါဏ်က
ဘယ်ပျောက်နေလဲ
မျက်စိတစ်မှိတ်
အတွေးတစ်ချက်နဲ့တင်
ငါ့အဖျားသွေးက
တရိပ်ရိပ်နဲ့ မြင့်တက်
နင်
ဘယ်လိုခေါင်းစဉ်မျိုးလဲ
WitNyin
ငါ့မနက်ခင်းက
ဘာနဲ့မှကို မတူတော့ဘူး
နင်
ဘယ်လို ခေါင်းစဉ်မျိုးလဲ
နှလုံးသားထောင့်တစ်နေရာကို
ချိတ်ဆက်ဖို့ လိုအပ်တဲ့
အဓိပ္ပါယ်တွေက ဘာတဲ့လဲ
လက်တစ်ဖက်တည်းနဲ့
ထုံးထားတဲ့ကြိုး
အခြားတစ်ဖက်အတွက်
အမြင်ဆိုးနေမလား
မိုးရာသီရောက်တိုင်း
မညိုပဲ ရွာချင်တဲ့
မိုးစက်တွေအတွက်
တရားခံနဲ့ ပြစ်ဒါဏ်က
ဘယ်ပျောက်နေလဲ
မျက်စိတစ်မှိတ်
အတွေးတစ်ချက်နဲ့တင်
ငါ့အဖျားသွေးက
တရိပ်ရိပ်နဲ့ မြင့်တက်
နင်
ဘယ်လိုခေါင်းစဉ်မျိုးလဲ
WitNyin

1 ခုတောင်မှ သူတို့ပွားသွားတာ:
ကဗျာက ခေါင်းစဉ်မရှိဘူးပေါ့ အဲ့လိုလားး :)
“ မျက်စိတစ်မှိတ်
အတွေးတစ်ချက်နဲ့တင်
ငါ့အဖျားသွေးက
တရိပ်ရိပ်နဲ့ မြင့်တက် ” သေချာပြီးး အဲ့ဒါ အချစ်ရောဂါပဲ ။
Post a Comment