ပြဇာတ်


အံ့သြတာပဲ
ရင်ကိုခွင်းတဲ့ မြှားကလည်း
ဆိုင်းသံဗုံသံနဲ့ ပါလား

ဘာကိုမှ နားမလည်တော့ဘူး
တကယ်ပါ
ငါ့အတွက်
ကံတရား ခြေချပုံကိုက
မှောင်လွန်းကြီးတယ်

သောက်ပြီးသား ဆေးခွက်တွေထဲ
အကြိမ်ကြိမ် ထပ်ကူးခတ်
ထူးမလာပဲ
ဝေဒနာက နှလုံးသားနှုတ်ခမ်းပဲ့မှာ
ပိုလို့သာ ပဲ့တင်ထပ်ခဲ့

နောက်ဆုံးတော့လည်း
စွန့်လွှတ်ခြင်းအတတ်နဲ့
မနက်ဖြန်အတွက်
နာကျင်မှုရဲ့ နှစ်ထပ်ကိန်း

ကောင်မလေးရေ
ကြာရင်တော့
ငါ့ကိုငါပဲ ဆုတ်ဖြဲမိမယ် ထင်ပါရဲ့

WitNyin

5 ခုတောင်မှ သူတို့ပွားသွားတာ:

မောင်မျိုး said...

စိတ်လျှော့ပါ ညီရယ် ဆုတ်ဖြဲလိုက်ပါနဲ့  ကြောက်ချာကြီးးး)
ရင်ကိုခွင်းတဲ့ မြှားကလည်း
ဆိုင်းသံဗုံသံနဲ့ ပါလား ဒီစာသားလေး ဂွဒ်တယ် ။

မောင်မျိုး said...

စိတ်လျှော့ပါ ညီရယ် ဆုတ်ဖြဲလိုက်ပါနဲ့  ကြောက်ချာကြီးးး)
ရင်ကိုခွင်းတဲ့ မြှားကလည်း
ဆိုင်းသံဗုံသံနဲ့ ပါလား ဒီစာသားလေး ဂွဒ်တယ် ။

poe_ther_phyu said...

နင်က ဘာဆေးသောက်တာလဲဟင်..
ကြွက်သတ်ဆေးလား ဟီးဟီး

amplifier said...

ကိုယ့်ကိုယ်ကိုတော့ဆုတ်ဖြဲပါနဲ့ဟယ်........ဟိ....လုပ်ချင်ရင်
သူများကိုသွားလုပ်။.....မြှောက်ပေးနေတာ..ဟဲ.တစ်ကယ်
လုပ်လို့ပြသနာဖြစ်ရင်တာဝန်ယူဘူးနော်.....

eitar said...

ကောင်မလေးရေ
ကြာရင်တော့
ငါ့ကိုငါပဲ ဆုတ်ဖြဲမိမယ် ထင်ပါရဲ့


လုပ်ကြည့်ပါလား။။။boonlay လာကြည့်မယ်...ဟီဟီ

Post a Comment