မျက်ဝန်းလဲ့လဲ့ ရယ်သံသဲ့သဲ့အောက်
ဒူးထောက်ပျော်ရွှင်ခဲ့ရတဲ့ ၂၀၀၃
ဒါသာ ငရဲဆိုရင်
အကြိမ်ကြိမ်ပူလောင်ပစ်မယ်။
အားလုံးသော ဘ၀သင်ခန်းစာထဲ
ငါ....အကြွင်းမဲ့ ယုံကြည်ခဲ့တာက
“မိမိကံ မိမိပြု၏တဲ့။”
အခုတော့...
အပြုံးတစ်ချက်က
ဦးဆောင်သွားလိုက်တာ
ကြိုးပြတ်နေတဲ့ ရုပ်သေး
ထကပါလေရော။
အဘယ်ဘုရားရဲ့ ကျိန်စာကြောင့်
မင်းမာယာအောက်
ပန်းကလေးတွေ လက်နက်ချလို့
နတ်ဘီလူးတွေ မျက်ရည်ကျတာလဲ
ငါစဉ်းစားလို့ မရခဲ့ဘူး
နှလုံးသားကတော့ ကမ္ဘာဦးကတည်းက
မင်းအတွက်ရူးခဲ့ရတာတဲ့။
စက်ဝိုင်းတစ်ခုကို ကိုယ့်ဥပဒေနဲ့ကို
ဒါအဆုံးအစရယ်လို့ သတ်မှတ်ဖူးတယ်
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းအတွက်တော့
အဲဒီလို ဥာဏ်မမှီချင်ဘူး
ဝေးရမျာကိုကြောက်တယ်...။
WitNyin
ဒူးထောက်ပျော်ရွှင်ခဲ့ရတဲ့ ၂၀၀၃
ဒါသာ ငရဲဆိုရင်
အကြိမ်ကြိမ်ပူလောင်ပစ်မယ်။
အားလုံးသော ဘ၀သင်ခန်းစာထဲ
ငါ....အကြွင်းမဲ့ ယုံကြည်ခဲ့တာက
“မိမိကံ မိမိပြု၏တဲ့။”
အခုတော့...
အပြုံးတစ်ချက်က
ဦးဆောင်သွားလိုက်တာ
ကြိုးပြတ်နေတဲ့ ရုပ်သေး
ထကပါလေရော။
အဘယ်ဘုရားရဲ့ ကျိန်စာကြောင့်
မင်းမာယာအောက်
ပန်းကလေးတွေ လက်နက်ချလို့
နတ်ဘီလူးတွေ မျက်ရည်ကျတာလဲ
ငါစဉ်းစားလို့ မရခဲ့ဘူး
နှလုံးသားကတော့ ကမ္ဘာဦးကတည်းက
မင်းအတွက်ရူးခဲ့ရတာတဲ့။
စက်ဝိုင်းတစ်ခုကို ကိုယ့်ဥပဒေနဲ့ကို
ဒါအဆုံးအစရယ်လို့ သတ်မှတ်ဖူးတယ်
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းအတွက်တော့
အဲဒီလို ဥာဏ်မမှီချင်ဘူး
ဝေးရမျာကိုကြောက်တယ်...။
WitNyin

4 ခုတောင်မှ သူတို့ပွားသွားတာ:
ညီလေးကဗျာက အသဲကွဲနေသလိုလိုနဲ့ ကောင်ကလေး တကယ်လည်းမဟုတ်ပဲနဲ့ နော် ပုံပြောနေတယ်း) ငါလည်း ဒီလိုရေးတက်ချင်တယ်ကွ ရေးတက်ဘူးး စိတ်ညစ် ။
ဟီး...ကျွန်တော်ပုံပြောတာ အကိုပဲသိတယ်...ရှူးတိုးတိုး...
ငရဲဆိုရင်တော့အကြိမ်ကြိမ်မပူလောင်ချင်ပါဘူး..
ပူကပူနဲ့ ...မိမိကံ မိမိပြုဆိုတာ ဒူပြောလဲ..ကံထမ်းလာတာမမြင်ရဘူးပဲကြားဖူးတယ်..
ဘုတောနေတာများနေပြီ ဆက်ပြောရင်ရိုက်ခံရတော့မယ်..တော်မှပဲ.. ဟီးဟီး
နှလုံးသားကတော့ ကမ္ဘာဦးကတည်းက
မင်းအတွက်ရူးခဲ့ရတာတဲ့။
ယုံဘူး....ယုံဘူး ဟီဟီ
Post a Comment