ငါ့လမ်း



တစ်ခါတစ်လေ
ညညတွေထဲ အိပ်မက်တွေ
ခိုးလို့မက်ချင်တာ....

အခုတော့
ခေါင်းငိုက်စိုက်လို့
ငါနဲ့အတူ အလွမ်းတွေလည်း
အိပ်ရေးပျက်ရ.....

အပျံသင်ခါစ ငှက်ငယ်
မိုးကြိုးပစ်ခံရသလို
ငါ့သွေးထဲ မင်းထွင်းခဲ့တဲ့
ကျိန်စာတွေက
ရက်စက်လွန်းကြီးတယ်....

ဒီဝဋ်ကြွေးတွေ
မဆုံးနိုင်တဲ့ ရထားလမ်းလို
ငါ့အရိုးထဲ
တဂျုန်းဂျုန်းတဂျက်ဂျက်
ခုတ်မောင်းနေလို့......

ခဏခဏကျတဲ့ မျက်ရည်ထဲ
ငါ့လိပ်ပြာလေး တဖျပ်ဖျပ်သေ.....

ငါကတော့နှလုံးသားလေး
ရှင်သန်ဖို့ အသက်ခိုးရှူနေ.....

WitNyin

0 ခုတောင်မှ သူတို့ပွားသွားတာ:

Post a Comment