ဝဋ်ကြွေး

ဘ၀သာ
စည်းချက်ညီခဲ့ရင်
key board ပေါ်
ငါစတီးမဲ့ key က နင်ပဲ

အခုတော့
ဘယ်နှဘ၀စာ...
ဆုတောင်းဆုယူမှားခဲ့လို့

ကောင်းကင်ပေါ်ကအပ်နဲ့

မြေပြင်ကအပ်... ဆုံကြတာလဲ.....

ည, ည အရက်ခွက်တွေ
ခန္ဓာကိုယ်ကို ဖြတ်
ငါ့ကိုနင်းသတ်...

တစ်ယောက်ထဲ...

နင့်တစ်ယောက်ထဲကိုပဲ

အချစ်လို့ ခေါင်းစဉ်တပ်ခဲ့တာ....

ငါ.... အ...... များ......
အ.....
လွန်း...... သွား..... သ...... လား.........

သက္ကရာဇ်ပေါင်းများစွာ စဉ်းစား

ငါ နေသားတကျ ဖြစ်ဦးမှာလား.......

WitNyin

1 ခုတောင်မှ သူတို့ပွားသွားတာ:

amplifier said...

ဘ၀သာ
စည်းချက်ညီခဲ့ရင်
key board ပေါ်
ငါစတီးမဲ့ key က နင်ပဲ


ကောင်းလိုက်တာ။တော်တယ်...........

Post a Comment