မှော်ဝင်ပိုး



တာဝန်ကျေရုံ

ချစ်ခဲ့တာမဟုတ်တော့
ရင်ထဲက အလွမ်းတွေ
မှော်ဝင်နေ ပြီ.....

ရင်ထဲက စကားလုံးတွေ
မင်းသိအောင် ဘယ်လိုပြောရမလဲ
ဒါ... မတိကျမရေရာလို့ မဟုတ်ဘူး
တိကျရေရာလွန်းနေလို့......

အချစ်ဆိုတာ
လောကကြီးကပေးတဲ့ လက်ဆောင်တဲ့
ငါ့အတွက်တော့
အနာထဲ ပိုးမွေးနေရသလိုပဲ
အဲဒီပိုးကို ငါပဲရှင်သန်စေတယ်.......

WitNyin

0 ခုတောင်မှ သူတို့ပွားသွားတာ:

Post a Comment