ခွင့်ပြုထားသော စိတ်ကူး

--Evil-- : ဟေ့ကောင် မင်းကြီးလာရင် ဘာဖြစ်ချင်လဲ....
WitNyin : သိဘူး.... ငါ computer နဲ့ပတ်သတ်ပြီး စိတ်ဝင်စားတယ်.... အင်း computer နဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ဖြစ်မယ်ထင်တယ်.... မင်းရော...
--Evil-- : ဖြစ်ချင်တာထက်... လုပ်ချင်တာ... လိုချင်တာလေးတော့ရှိတယ်.... ငါ... ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခုလောက် ငါ့အိမ်မှာလိုချင်တယ်...
WitNyin : အင်း.... ကောင်းသားပဲ.... ငါတောင် တွေးရင်းနဲ့သဘောကျလာပြီ... ရှုပ်တယ်ကွာ.. ငါလည်းလုပ်မယ်...


အဲဒါ ကျွန်တော်နဲ့ evil လွန်ခဲ့တဲ့လေးနှစ်လောက်က ပြောခဲ့တာပေါ့....။ အခုလောက်ဆို ဒီကောင့်ဆီမှာ စာအုပ် ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ရှိပြီထင်တယ်...

ဟိုတစ်နေ့က ဒီကောင်ကြီးဆီက message ရတယ်.... ဆေးကျောင်းထွက်လိုက်ပြီတဲ့.... singapore ကိုလာဖို့လုပ်နေတယ်တဲ့.... ပျော်လိုက်တာ... ဘယ်လိုပြောရမှန်းကိုမသိဘူး.... (ဆေးကျောင်းထွက်တာကို မဟုတ်ဘူးနော်)

Best Buddies အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တွဲလာကြတာ.... ၆နှစ်ကျော်ပြီ.... မှတ်မှတ်ရရပြောရရင် ရန်ကုန်ကနေ Singapore ကိုလာတော့ ရည်းစားဆီကို ဖုန်းမဆက်ဖြစ်ဘူး... ဒီကောင့်ဆီကိုတော့ ၁ ပတ် ၁ခါလောက် ဖုန်းခေါ်ဖြစ်တယ်.... ( ဟီး... :P ကောင်းတယ်ဟုတ်... )

ပန်းဆိုးတန်း.. ဆူးလေ... နှစ်ယောက်သား BUS စီးပြီး.. သွားခဲ့တယ်... စာအုပ်တွေနား သဝေထိုးခဲ့ကြတယ်... လိုချင်တဲ့စာအုပ်တွေ့ရင် ၀ယ်ကြ... ပြီးရင်လဲဖတ်... အဲ... နောက်တော့ ကြိုက်ရင်ပြန်မပေးတော့ဘူး.... တမင်မပေးခဲ့တာတွေရှိသလို... မသိချင်ယောင်ဆောင်ပြီးယူခဲ့တာလည်းရှိတယ်.... ဘာပဲပြောပြော လိုချင်တာ ရရင်ပြီးရောပေါ့.... :P

တစ်ခါမှလည်း စိတ်ဆိုးတာ ရန်ဖြစ်တာ စကားများတာမရှိခဲ့ဘူး... နားလည်မှုဆိုတာ ကျွန်တော်တို့နှစ်ယောက်ကြား တော်တော်လေးကို ထုထည်ကြီးခဲ့တယ်... သူ foul ရင် ဘာကြောင့်လဲဆိုတာ ကျွန်တော်နားလည်သလို... ကျွန်တော် foul လည်း သူအေးအေးဆေးဆေး နားလည်ပေးခဲ့တယ်....

ရင်ထဲက ပထမဆုံး ပန်းတစ်ပွင့်စီအတွက် ၂ ယောက်သား မြေကြီးကို မြတ်မြတ်နိုးနိုး နမ်းခဲ့တယ်... အဲဒီအကြောင်းကို ကဗျာတွေလုပ်ပြီး ၇ တန်းတုန်းက ကဗျာစာအုပ်ထုတ်ခဲ့တယ်....

အခု ဒီကောင်ကြီးလာမယ်ဆိုတော့ အ၀တ်အစားနဲ့ တစ်ခြားပစ္စည်းတွေအစား ဒီကောင့်အကြိုက်ဆုံးစာအုပ်တွေကိုပဲ... အကုန်ယူလာစေချင်တယ်...။ ဒီကောင် ဘယ်မှာနေမလဲတော့မသိဘူး...။ ဖြစ်နိုင်ရင် ကျွန်တော်နဲ့ အတူလာနေစေချင်တယ်....။ ဒီလိုသာဆို... အခန်းထဲ နောက်ထပ်စာအုပ်စင်တစ်ခုတိုးလာမှာတော့ သေချာတယ်....။

ဒီလို... ဒီလိုနဲ့... library သေးသေးလေးတစ်ခုတော့ဖြစ်လာနိုင်ကောင်းပါရဲ့...။

လောလောဆယ် ကျွန်တော့်ဆီမှာ စာအုပ် ၁၀၀ ကျော်တော့ရှိတယ်....။ ဘာပဲပြောပြော ဒီကောင်သာ ရောက်လာရင် အနည်းဆုံး ၃ နှစ်လောက်တော့ singapore မှာနေဖြစ်မှာပဲ....။ ဒီ ၃ နှစ်အတွင်းမှာ တိုးလာမယ့် စာအုပ်တွေ..... စဉ်းစားကြည့်ရင်တော့ ပျော်စရာကြီးပဲ...။ လက်တွေ့မှာတော့ ဘာတွေ ဘယ်လို ဖောက်ဦးမလဲ မသိ။

ဒီကောင်ကြီးသာရောက်ခဲ့ရင် ဒုတိယမြောက် ကဗျာစာအုပ်လဲ လုပ်ဖြစ်မယ်... ဒုတိယမြောက် ရည်းစားအတွက်တော့ မဟုတ်ဘူး... ၂ ယောက်စလုံး over ၃ ပဲ... :P

ဘာပဲပြောပြော ဒီကောင်သာ တကယ်ရောက်လာရင်.....

WitNyin

အလင်းနတ်သမီး


ဘာသာစကားတစ်ခုပေါ့
အလင်းတွေနဲ့
ကမ္ဘာမြေရဲ့ ဒီဂရီအတိုင်း
ကျွန်တော့်ကို
ထပ်တူ တိမ်းစောင်းစေခဲ့တာ

“ချက် ချက် ချက်”
နာရီသံတွေ ခုန်ပေါက်
ကပြီးသား ပြဇာတ်ထဲ
အနီရောင်လိုက်ကာစတွေ
တစ်လိပ်ပြီး တစ်လိပ်ပြိုဆင်း
ဒီလို... ဒီလိုနဲ့...
.... .... ....

အိပ်မက်နာကျဖို့
အဲဒီအလင်းတွေသောက်သုံးမိခဲ့မိတာတဲ့လား။

ဘာမှမဟုတ်ခဲ့ပါဘူး
အရာအားလုံး
အသက်ရှူသံလိုပါပဲ
တစ်ခဏထဲမှာ ဖြစ်ပျက်သွား

မှတ်မှတ်ရရအနေနဲ့
ဒါဏ်ရာတွေ ဘီလူးဆိုင်းနဲ့
ရင်ဘတ်ထဲ
အစွမ်းကုန် ပွင့်ခဲ့တယ်။

WitNyin

လမ်းပျောက်ခဲ့ချိန် - aegric & အိမ့်ချစ်


MusicPlaylist


မင်းနဲ့အတူ လျှောက်ခဲ့ဖူးတဲ့ လမ်းမှာ အဖော်မဲ့စွာ
မင်းတစ်ယောက်တည်းလွမ်းကာမျှော်ခဲ့တာ
အခုတော့လည်း အရူးတစ်ယောက်လိုပေါ့
အခန်းထဲမှာ ဒူးထောက်ငိုတော့
အတိတ်ဘ၀ကို စိတ်မချလို့ သိပ်လှတဲ့မင်း
ငါ့အချစ်ကို နှိမ့်ချလို့ အိပ်မရတဲ့ညတွေ
ငါ့ကိုငါ အပြစ်ပေးကာ အချစ်ရေးကို ပစ်ပြေးတာမင်း
တစ်ချိန်က အမှားတွေကိုလည်း လိမ်ညာစကားတွေဆို
ဒါဆိုလည်း ကျိန်စာမြှားတွေကို ငါ့ရင်ထဲ ဘာလို့ နင်ထိုးသွင်းခဲ့လည်း
မရိုးရှင်းတဲ့စကားတွေနဲ့ ဖုန်းပြောခဲ့တာလည်း မိုးလင်းခဲ့တယ်
ငါ့အချစ်ကို အချိုးဖြတ်နေခဲ့
မိုးစက်တွေနဲ့ မင်းနဲ့ဆုံတဲ့ ငါ မင်းတစ်ယောက်တည်းပဲ အကြွင်းမဲ့ရုံခဲ့တာ
စကားတွေနဲ့ ထိုးနှက်မနေနဲ့
ရည်းစားတွေ နောက်ထပ်မကြိုက်ပဲ မင်းတစ်ယောက်တည်းပဲ ချစ်တယ်
မကျေနပ်ဘူးဆိုရင် နင့်ကောင်ခေါ်လာ *ခွက်ရိုက်လည်းဖြစ်တယ်
အမြင်တွေမှားတော့ နင်နဲ့အတူ နှုတ်ခမ်းတွေ*ပြီး လမ်းတွေရှုပ်တာ
ငါမသိဘူးလို့ ထင်နေလားပြော
နင့်အကောင်နဲ့ လာယှဉ်နေမှတော့
ကို့တစ်ယောက်တည်း ချစ်တယ်ဆိုပြီး နင့်ရဲ့ပါးစပ်က မြှောက်ပေးခဲ့
ငါကိုယ်တိုင်ခြေရာတိုင်းမလား နင့်အကောင်လို *ဆင့်နဲ့
နင့်အကောင်လို *ဆင့်နဲ့

အိပ်မက်နဲ့လက်တွေ့မတူဘူး
ဒီလိုအချိန်မှာ ငါဟာအရူး
မင်းတစ်ယောက်တည်းချစ်မိနေတာ
ငါ့အတွက်တော့ ဒါဟာအမှားလား
ဆုံးဖြတ်ချက်လမ်းမှားနေတယ်
ငါ့စိတ်ကူးဟာ လေမှာလွင့်ခဲ့
အချစ်တစ်ခုရဲ့ ဆုံးရှုံးမှုများ
အိပ်မက်နဲ့ ကမ္ဘာပျက်သွားပြီ

ငါ့အချစ်ကို ဒီနေရာမှာ ရပ်စဲထားခဲ့
အရင်ဘဲနဲ့ ငါ့ရှေ့လာ နင်လက်တွဲသွားတယ်
တစ်လောကလုံး ညနက်သွားခဲ့
ဒီအကြောင်းငါ သီချင်းစပ် မရလည်း
မင်းအတွက် ငါအမြဲအချစ်သမိုင်းမှာ ကျရှုံးတဲ့လူ ဖြစ်ခိုင်းတာ
နင်မဟုတ်လို့ ဘယ်သူရှိမှာလဲ
နင့်ကိုငါ ပေးတဲ့ အနမ်းကို
နင်ကလွဲလို့ ဘယ်သူသိမှာလဲ
ရှေ့ဆက်လို့မရတဲ့နေ့ရက်တွေ မင်းဖြတ်လို့ထားလဲ မေ့မရ
ငါ့နားနင်ရှိတဲ့ အချိန် ဘာနဲ့မှလဲမရ
ငါနဲ့လာတွဲပြတာ နင့်အကောင် သ၀န်တိုနေဖို့လား
နင်နဲ့ငါ အရင်လိုနေလို့မရ
ဒါပေမယ့် အရင်ကလို နင်ငါ့ကို မချစ်ပေမဲ့
အရူးလိုဖြစ်နေတဲ့ မနက်တွေနဲ့ ညနေလည်း မျက်ရည်ဝဲရှက်နေခဲ့တာ
ပွဲလန့်တုန်းဖျာခင်းတဲ့ နင့်အကောင်ရော ဘာငြင်းမလဲ
ဒီအချိန်မှာ သူများရည်းစားလုတဲ့ နင့်အကောင် ကြာကူလီလိုငါမဟုတ်ဘူး
နင်ထင်သလို မိန်းမတွေနဲ့ ထင်တိုင်းကြဲပြီး ငါမရှုပ်ဘူး
ဖြေရှင်းဖို့ အဆင်သင့်ပဲ
မင်းကြောင့်လည်း ငါ့ဘ၀လည်း ညနက်လာတယ်
မင်းအတွက်တော့ ရည်းစားမရှားဘူး
ဒီစကားပြောပြီး အထပ်ထပ်အခါခါ ဘ၀င်မမြင့်နဲ့

အိပ်မက်နဲ့လက်တွေ့မတူဘူး
ဒီလိုအချိန်မှာ ငါဟာအရူး
မင်းတစ်ယောက်တည်းချစ်မိနေတာ
ငါ့အတွက်တော့ ဒါဟာအမှားလား
ဆုံးဖြတ်ချက်လမ်းမှားနေတယ်
ငါ့စိတ်ကူးဟာ လေမှာလွင့်ခဲ့
အချစ်တစ်ခုရဲ့ ဆုံးရှုံးမှုများ
အိပ်မက်နဲ့ ကမ္ဘာပျက်သွားပြီ

ငါ့ရဲ့အချစ်တွေကို နင် အပျက်အဆီးလို့ ထင်ထားခဲ့တာ
နင်တစ်ယောက်ထဲ ငါ့ရင်ထဲ နတ်သမီးလို့ တင်စားခဲ့တာ
ခြေဦးတည့်ရာ လျှောက်သွားဆဲ ကံစီရာ
နင်မရှိတုန်း နင့်သူငယ်ချင်းတွေ ဖုန်းဆက်လည်း ပြန်မအီတာ နင်အသိဆုံး
ငါ့ ကမ္ဘာကို နင်ခဏတာခိုဝင်မလားလို့ မေးတော့လည်း
တစ်သက်စာအတွက်ချစ်ခင်ကြတာ
ဒီလိုနဲ့ နင့်မိဘနဲ့ မျက်နှာပျက် ပြသနာတတ်
မငြိုငြင်ဘဲ အပြစ်တင်ရမလား
အခုတော့လည်း အရူးတစ်ယောက်လို အခန်းကျဉ်းထဲ ငိုနေခဲ့တာ
ဒီလိုမျိုးလွမ်းရင်းနဲ့ ဆိုနေတဲ့သီချင်းတွေလည်း
နင့်အတွက်ဆို အပျင်းပြေဘဲ
ငါသိတယ်
နင့်*ကျင့် သူနဲ့ပြတ်လို့ ငါ့ကိုဆက်ပြီး ဘ၀ကိုဖျက်ကာ ပတ်သတ်မှာ
အသစ်ရတော့ အဆက်ဖြတ်မလား
သူနင့်ကိုခေါ်သွားတိုင်းလိုက်မှာတဲ့လား
ရုပ်ချောတိုင်းကြိုက်တာပဲလား
အဖြေမမှန်သလိုနေတဲ့ငါ အစေခံလိုနေခဲ့တာ
အခုတော့လည်း ငါ့ဘ၀မှာ အပြစ်မကင်းဘဲ မှားခဲ့
နင့်အတွက်ဆို ပတ်ဝန်းကျင်နဲ့ စစ်ခင်းလည်းရတယ်

အိပ်မက်နဲ့လက်တွေ့မတူဘူး
ဒီလိုအချိန်မှာ ငါဟာအရူး
မင်းတစ်ယောက်တည်းချစ်မိနေတာ
ငါ့အတွက်တော့ ဒါဟာအမှားလား
ဆုံးဖြတ်ချက်လမ်းမှားနေတယ်
ငါ့စိတ်ကူးဟာ လေမှာလွင့်ခဲ့
အချစ်တစ်ခုရဲ့ ဆုံးရှုံးမှုများ
အိပ်မက်နဲ့ ကမ္ဘာပျက်သွားပြီ

မ - N-Zai


MusicPlaylist


April ၁၆ ရက် မှတ်မိသေးတယ် ငါ့မှာအသက်ပျောက်မတတ်
ချစ်ခဲ့သူ အခု နင်တစ်ရက်လောက်ထပ်တွေ့ဖြစ်ခဲ့လျှင်
တကယ်လို့ ကျွန်တော့ကို မင်းမမေ့ဖြစ်ခဲ့ရင်
ဒါဏ်ရာတွေ ရှိပါစေ မနာကျည်းပါ
ဖြစ်နေတဲ့ အဖြစ်ကို မင်းလာကြည့်ပါ
ဇာတ်လမ်းက မစသေးဘူး ဒါအပြီးလား
မျက်စိကိုမှိတ် သိလျက်နဲ့ ငါမငြီးပါ
အခုထိ ချစ်နေဆဲပဲ မ မင်းဒါမသိပါ
ကျွန်တော့်လို နောက်တစ်ယောက်တွေ့ရင် ရှာကြည့်ပါ

အလွမ်းတွေ အခု စာရွက်ပေါ်တင် ချကာရေး
သိပ်မလိုဘူး တစ်နေ့တော့ပြန်ပြီးတွေ့မယ်ဆိုတဲ့ အတွေး
လာပြီအခု တစ်ယောက်တည်းဆွေး
ပြန်မလာရင်တော့ ငါ့ရဲ့အဝေး
ညတိုင်းရေးနေကျ ကဗျာတွေလည်း ကာရံမဲ့
တစ်ခါပြန်ခဲ့ပြီ ပြည်လမ်းမထက်
အာဒံနဲ့ ဧ၀လိုဆို ကဗျာဆန်လည်း
ဒါဆိုရင် ရင်ဘတ်က ငါ့အဘိဓါန်ကိုဘာပြန်မလဲ
အိပ်မက်တွေ ညတိုင်းမက်တဲ့မရယ်
ဒါအမှန်ပဲ
ကြုံခဲ့ရင် တစ်ချက်လောက်ဝင်ကြည့်
ဆုံမဲ့ချိန် ခဏတစ်ဖြုတ်ကို အသက်လောက်ထင်မိ
ဆက်စောင့်ချင်၏ ဒီလမ်းကို
မဓါတ်ပုံ ညဘက်ဆို ထိနမ်းလို့
အိပ်ကောင်းခြင်းမအိပ်ရဘူး ကြည့်စမ်းသလို
လက်ထဲက အဲဒီပန်းကို မညစ်ညမ်းဖို့


အနား နားနေပါ အဝေးကြီးမသွားပါနဲ့
လမ်းတွေပျောက်မှာဆိုးလို့
အို... မ
အဖြစ်ပျက်တွေကို မမှတ်မိတော့ချင်နေ
ကျွန်တော့်ကိုတော့ သတိရပေးပါ

အဲဒီနေ့က ဝေးရမှာသိတယ် မွန်းကျပ်နေတယ် ဘယ်သူတွေသိလဲ
တားချင်တယ် သို့သော် မတားနိုင်ခဲ့ဘူး
ကျွန်တော်က မဘ၀နဲ့ယှဉ်ရင် ကလေးတစ်ယောက်ပဲ
အဲတော့ ထည့်ပြီးဘယ်ငေးလောက်မလည်း တွေးကြောက်ခဲ့ ကံကြမ္မာကို
မရေရာဘူး မ ပြန်လာဖို့
အခါခါကံကဆိုး မက်လောက်စရာဘာမှ မရှိတာမျိုး
ခက်တာက ကျွန်တော့်မှာ တံတိုင်းတွေခြားနေတာကိုး
အမှတ်တရဆိုလို့ ဓါတ်ပုံလေးရှိတာကိုပဲ ပျော်နေမိတယ်
တစ်ခါတစ်ရံမှာ ယောင်လို့တောင်ခေါ်နေမိတယ် သူကြားမလား
တွေ့ဦးမလား ရှာနေမိတယ် လူအများကြား
ပြောချင်တာပြောပါစေ ဘယ်သူ့စကားမှ မယုံဘူး
ကျွန်တော်ပြောတာ အခု ကြားလား

တကယ်လို့ အခွင့်ရခဲ့ရင် ကိုင်ခွင့်ပြုပါ လက်ဖ၀ါးအား
တစ်ချက် မကြားတကြား ပြောချင်လို့ပါ ပါးစပ်များက
အရင်ကလိုပဲ ကျွန်တော့်ကိုသာ ဖက်ထားပါ
ဒီလိုဆို လူတွေကြားထဲ ရှက်သွားမလား
မှတ်ထားပါ ဒါတွေက အမှန်တရားတွေ
ဘယ်တော့မှ မညာလို ဒါဆို
သတိရပေးပါလို့မှာလို
အမှတ်ရဆဲပါပဲ ဟိုအရင်တစ်ခါကို
ငါ့ဘ၀နဲ့ အရာအားလုံးက မင်းအတွက်ပါ ၀ါးစို့


အနား နားနေပါ အဝေးကြီးမသွားပါနဲ့
လမ်းတွေပျောက်မှာဆိုးလို့
အို... မ
အဖြစ်ပျက်တွေကို မမှတ်မိတော့ချင်နေ
ကျွန်တော့်ကိုတော့ သတိရပေးပါ

witnyin,witnyin

Click this to Download this song